အနဂ္ဂ(အဆိုတော်)

ငယ်အမည် ကိုတွိ
မိဘအမည် ဦးမင်းမင်းလတ်+ ဒေါ်ယမင်းကြိုင်
မွေးရာဇာတိ ရန်ကုန်
နိုင်ငံ မြန်မာ
အလုပ်အကိုင် အဆိုတော်၊ MRTV-4
ထင်ရှားကျော်ကြားမှု Hip Hop အဆိုတော်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ

အနဂ္ဂသည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ အဆိုတော်မင်းမင်းလတ်နှင့် ဒေါ်ယမင်းကြိုင် တို့မှမွေးဖွားခဲ့သည်။ အဓိက၊ အလင်္ကာ၊ အနဂ္ဂ၊ အမရာ မွေးချင်း လေးဦးရှိပြီး တတိယမြောက် သားဖြစ်သည်။ ငယ်နာမည် ကိုတွိ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်ရန်ချမ်း၊ Rဇာနည် ၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။
၂၀၀၅-ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ထက်ထက်မိုးဦးနှင့် အိမ်ထောင်ကျပြီး အပြင်စီးပွားရေးလုပ်သလိုနှင့် ဂီတလောကမှ ပျောက်သွားသလိုဖြစ်သည်။
  • အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် music ကို ခဏမလုပ်တဲ့အချိန်အတွင်းမှာ အားလုံးကို လေ့လာနေတယ်။ ဘာလုပ်သလဲဆိုတာ ကြည့်နေဖြစ်ပါတယ်။ Music မှာရော၊ အခြားအနုပညာတွေမှာပါ ဘာကို သွားတွေ့လဲဆိုတော့ အသစ်ပေါ်ပေါက်လာတဲ့အရာတွေနဲ့ ဖန်တီးမှုက ညီနေတယ်ဆိုတာ မြင်လာတယ်။
ထက်ထက်မိုးဦးနှင့် ကွာရှင်းပြီးမှ ဂီတလောကမှာ ပြန်ပြီးလှူပ်ရှားလာခဲ့သည်။
ဘာဘူနှင့် တွဲဖက်၍ အနဂ္ဂရဲ့ လုပ်တာ မဟုတ်နှင့် ဘာဘူရဲ့ မဟုတ်တာလုပ် စီးရီးသစ် နှစ်ခွေကို ချိုကြည်သာတေးသံသွင်းမှ (၁၇၊၁၊၂ဝဝ၉)ရက်မှာ ထွက်ရှိသည်။
  • ၂၀၀၉-ခုနှစ်၊ မတ်လ ၁၄ ရက်တွင် အနဂ္ဂ နှင့် ကုမဏီ လုပ်ငန်းရှင် ၄ ဦးတို့အား စစ်ဒေသ(၁) မှာ ထိန်းသိမ်းခဲ့သည်။ နောက်နေ့တွင် ပြန်လည်လွတ်ပေး ခဲ့သည်။ 

သီဆိုခဲ့သော တေးစီးရီး

  • မိတော့မိတယ်
  • သုံးယောက်ပေါင်းလောင်းကျော်
  • မောင်တို့ချယ်ရီမြေ
  • ပြိုင်ဘက်
  • အနမ်းများစွာအတွက်
  • နားညီးတော့---အခုမချစ်
  • ပြန်ပြောပြဘို့တော်တော်ခက်လိမ့်မယ်
  • ဆယ့်နှစ်ရာသီအချစ်
  • လုပ်တာမဟုတ် ၊ မဟုတ်တာလုပ် (ပြိုင်ဘက်-၂)
MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် ရသနှင့်အတူ စီစဉ်သူအဖြစ် ပါဝင်လုပ်ကိုင် နေသည်။

လိပ်စာ

အမှတ်- ၁၁၅/၂C ၊ ရှစ်မိုင်၊ ပြည်လမ်း၊ ရန်ကုန်မြို့။

ကိုးကား

  1. Bi weeklyEleven journal
    Credit to >>> မှတ်စုစာအုပ်

0 ယောက် မှတ်ချက်ပေးတယ်:

Copyright © 2012 ဂန္ဓမာ Art.